Wed. Dec 12th, 2018

ရကၡိဳင့္တပ္မေတာ္(ARAKAN ARMY)၏ အဓိပၸာယ္ဖြင့္ဆိုခ်က္

 

“ရကၡိဳင့္တပ္မေတာ္” ဟူေသာအမည္နာမသည္ ယခုမွအသစ္ေပၚထြက္လာျခင္းမဟုတ္ပါ။ ရကၡိဳင္ဘုရင္မ်ား အခ်ဳပ္အခ်ာအာဏာပိုင္စိုးစဥ္ကာလ ရာစုႏွစ္ေပါင္းမ်ားစြာကတည္းကပင္ တည္ဟိလာေသာစကားရပ္ျဖစ္သည္။ ေခတ္အဆက္ဆက္တြင္ ရကၡိဳင္လူမ်ိဳးမ်ားသည္ “ရကၡိဳင့္တပ္မေတာ္” ကိုတည္ေဆာက္၍တိုင္းျပည္တာဝန္မ်ားကိုထမ္းေဆာင္လာလတ္ကတ္သည္။

ရကၡိဳင့္တပ္မေတာ္တည္တ့ံျခင္း ႏွင့္အတူ ရကၡိဳင္တိုင္းျပည္သည္လည္း တည္တ့ံခပါသည္။ ရကၡိဳင့္တပ္မေတာ္က်ယံႈးျခင္းႏွင့္အတူ အာရကၡရကၡိဳင္ႏိုင္ငံေတာ္သည္လည္း ပ်က္စီးကာ စစ္ယံႈးလူမ်ိဳးတို႔၏ဘဝသို႔က်ေရာက္ခရပါသည္။ ထို႔ေၾကာင့္ လူမ်ိဳးတစ္မ်ိဳး၏အသက္မွာ တပ္မေတာ္သာလွ်င္ျဖစ္သည္ဆိုသည္ကိုသတိသံေဝဂယူရေပမည္။

ေခတ္စနစ္မ်ား ေျပာင္းလဲေနေသာ္ျငားလည္းရကၡိဳင္လူမ်ိဳးမ်ားျဖင့္ ဖဲြ႔စည္းတည္ေဆာက္ထားေသာ၊ ရကၡိဳင္တစ္မ်ိဳးသားလံုးပိုင္ဆိုင္ေသာ “ရကၡိဳင့္တပ္မေတာ္”ဟူသည့္အမည္ကိုအသစ္တီထြင္ ျပဳျပင္ေျပာင္းလဲစရာမလိုအပ္ေပ။ ဖိုး၊ ဖီး၊ ဇူ၊ ဇာ႐ို႕ခ်န္ ထားခေသာသမိုင္းပီးတာဝန္ကို လက္ဆင့္ကမ္းသယ္ပိုးထမ္းေဆာင္ရန္သာအရီးႀကီးေပသည္။

“ရကၡိဳင့္တပ္မေတာ္”ဟူေသာအမည္သည္ “ရကၡိဳင္” ႏွင့္ “တပ္မေတာ္” တည္းဟူေသာစကားရပ္ႏွစ္ခုကိုေပါင္းစပ္ထားျခင္းျဖစ္သည္။

“ရကၡိဳင္” ဟူေသာစကားမွာပါဠိဘာသာ “ရကၡ”မွ ဆင္းသက္လာျခင္းျဖစ္သည္။“ေစာင့္ေယွာက္ျခင္း” ဟူေသာအနက္ အဓိပၸာယ္ရသည္။ထို႔ေၾကာင့္ “ရကၡိဳင္”ဟူသည္မွာ“မိမိတိုင္းျပည္၊ မိမိလူမ်ိဳးႏွင့္ မိမိသီလ႐ို႕ကိုခ်စ္ခင္ျမတ္ႏိူးတန္ဖိုးထားၿပီးအသက္ႏွင့္ လဲကာကာကြယ္ေစာင့္ေယွာက္ကတ္ေသာလူမ်ိဳး”ဟုအဓိပၸာယ္ရသည္။

“တပ္”ဟူသည္မွာ “အကာအရံ”ဟူေသာအဓိပၸာယ္ရၿပီး “မ”ဟူသည္ကား “ကယ္မျခင္း၊ ေစာင္မျခင္း၊ သယ္မျခင္း”စသည့္ အဓိပၸာယ္သက္ေရာက္သည္။

“ေတာ္”ဟူသည္မွာ “ေတာ္တည့္မွန္ကန္စြာရွိေဆာင္ လမ္းျပ၍ႀကီးမႉးေခၚေဆာင္ျခင္း ၊ႀကီးမႉး ကာကြယ္ျခင္း” သေဘာကိုေဆာင္သည္။

ထို႔ေၾကာင့္ “တပ္မေတာ္” ဟူသည္မွာ“တိုင္းျပည္ႏွင့္လူမ်ိဳးအေပၚ ဘီးအႏၲရာယ္အေပါင္း မက်ေရာက္ေအာင္ခိုင္ခန္႔လံုျခံဳစြာကာရံထားေသာ “ဝင္းထရံျခံစည္း႐ိုး”ႏွင့္ တူသည္ သာမကတိုင္းျပည္ ႏွင့္ လူမ်ိဳးေကာင္းက်ိဳးအတြက္ကိုယ္က်ိဳးစြန္႔ အနစ္နာခံကာတာဝန္ကို သယ္မထမ္းေဆာင္ျခင္းျဖင့္ျပည္သူ႐ို႕အားေတာ္တည့္မွန္ကန္စြာႀကီးမႉး ဦးေဆာင္လမ္းျပေခၚယူေသာအေပါင္းအစု” ဟူ၍အဓိပၸာယ္ရဟိသည္။

ထို႔ေၾကာင့္ “ရကၡိဳင့္တပ္မေတာ္” ၏အဓိပၸာယ္ကို တိုတိုႏွင့္ လိုရင္းဖြင့္ဆိုရမည္ဆိုပါက “ရကၡိဳင္ျပည္ႏွင့္ရကၡိဳင္လူမ်ိဳးကို ကာကြယ္ေစာင့္ေယွာက္ရန္ႏွင့္ တိုင္းျပည္ေကာင္းက်ိဳးကိုသယ္ပိုးထမ္းေဆာင္နီေသာ၊ရကၡိဳင္တစ္မ်ိဳးသားလံုးပိုင္ဆိုင္ေသာကာကြယ္ရီး အေပါင္းအစုႀကီး”ဟူ၍ အဓိပၸာယ္ရေပသည္။

သို႔ျဖစ္ပါ၍ “ရကၡိဳင့္တပ္မေတာ္”ဟူေသာအမည္နာမသည္သမိုင္းအမြီကို ဆက္ခံျခင္း၊ဖိုးဖီးဇူဇာ႐ို႕၏က်င့္ဝတ္ႏွင့္ တန္ဖိုးမ်ားကိုမပစ္ပယ္ျခင္း၊ အဓိပၸာယ္သက္ေရာက္မႈ အားေကာင္းျခင္းတိုင္းျပည္ႏွင့္လူမ်ိဳး၏ အျခင္းအရာမ်ားအားလံုးကိုဆက္စပ္အက်ံဳးဝင္စီျခင္းစသည့္ ဂုဏ္ျဒပ္မ်ားျဖင့္ျပည့္စံုနီသည္။

သတင္းႏွင့္ ျပန္ၾကားရီး
ရကၡိဳင့္တပ္မေတာ္

(၉) ႏွစ္ေျမာက္ ရကၡိဳင့္တပ္မေတာ္နိအား လိႈက္လွဲဝမ္းေျမာက္စြာႀကိဳဆိုအပ္ပါသည္။

(Unicode Version)

ရက္ခိုင့်တပ်မတော်(ARAKAN ARMY)၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

“ရက္ခိုင့်တပ်မတော်” ဟူသောအမည်နာမသည် ယခုမှအသစ်ပေါ်ထွက်လာခြင်းမဟုတ်ပါ။ ရက္ခိုင်ဘုရင်များ အချုပ်အချာအာဏာပိုင်စိုးစဉ်ကာလ ရာစုနှစ်ပေါင်းများစွာကတည်းကပင် တည်ဟိလာသောစကားရပ်ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် ရက္ခိုင်လူမျိုးများသည် “ရက္ခိုင့်တပ်မတော်” ကိုတည်ဆောက်၍တိုင်းပြည်တာဝန်များကိုထမ်းဆောင်လာလတ်ကတ်သည်။

ရက္ခိုင့်တပ်မတော်တည်တံ့ခြင်း နှင့်အတူ ရက္ခိုင်တိုင်းပြည်သည်လည်း တည်တံ့ခပါသည်။ ရက္ခိုင့်တပ်မတော်ကျယှုံးခြင်းနှင့်အတူ အာရက္ခရက္ခိုင်နိုင်ငံတော်သည်လည်း ပျက်စီးကာ စစ်ယှုံးလူမျိုးတို့၏ဘဝသို့ကျရောက်ခရပါသည်။ ထို့ကြောင့် လူမျိုးတစ်မျိုး၏အသက်မှာ တပ်မတော်သာလျှင်ဖြစ်သည်ဆိုသည်ကိုသတိသံဝေဂယူရပေမည်။

ခေတ်စနစ်များ ပြောင်းလဲနေသော်ငြားလည်းရက္ခိုင်လူမျိုးများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော၊ ရက္ခိုင်တစ်မျိုးသားလုံးပိုင်ဆိုင်သော “ရက္ခိုင့်တပ်မတော်”ဟူသည့်အမည်ကိုအသစ်တီထွင် ပြုပြင်ပြောင်းလဲစရာမလိုအပ်ပေ။ ဖိုး၊ ဖီး၊ ဇူ၊ ဇာရို့ချန် ထားခသောသမိုင်းပီးတာဝန်ကို လက်ဆင့်ကမ်းသယ်ပိုးထမ်းဆောင်ရန်သာအရီးကြီးပေသည်။

“ရက္ခိုင့်တပ်မတော်”ဟူသောအမည်သည် “ရက္ခိုင်” နှင့် “တပ်မတော်” တည်းဟူသောစကားရပ်နှစ်ခုကိုပေါင်းစပ်ထားခြင်းဖြစ်သည်။

“ရက္ခိုင်” ဟူသောစကားမှာပါဠိဘာသာ “ရက္ခ”မှ ဆင်းသက်လာခြင်းဖြစ်သည်။“စောင့်ယှောက်ခြင်း” ဟူသောအနက် အဓိပ္ပာယ်ရသည်။ထို့ကြောင့် “ရက္ခိုင်”ဟူသည်မှာ“မိမိတိုင်းပြည်၊ မိမိလူမျိုးနှင့် မိမိသီလရို့ကိုချစ်ခင်မြတ်နိူးတန်ဖိုးထားပြီးအသက်နှင့် လဲကာကာကွယ်စောင့်ယှောက်ကတ်သောလူမျိုး”ဟုအဓိပ္ပာယ်ရသည်။

“တပ်”ဟူသည်မှာ “အကာအရံ”ဟူသောအဓိပ္ပာယ်ရပြီး “မ”ဟူသည်ကား “ကယ်မခြင်း၊ စောင်မခြင်း၊ သယ်မခြင်း”စသည့် အဓိပ္ပာယ်သက်ရောက်သည်။

“တော်”ဟူသည်မှာ “တော်တည့်မှန်ကန်စွာရှိဆောင် လမ်းပြ၍ကြီးမှူးခေါ်ဆောင်ခြင်း ၊ကြီးမှူး ကာကွယ်ခြင်း” သဘောကိုဆောင်သည်။

ထို့ကြောင့် “တပ်မတော်” ဟူသည်မှာ“တိုင်းပြည်နှင့်လူမျိုးအပေါ် ဘီးအန္တရာယ်အပေါင်း မကျရောက်အောင်ခိုင်ခန့်လုံခြုံစွာကာရံထားသော “ဝင်းထရံခြံစည်းရိုး”နှင့် တူသည် သာမကတိုင်းပြည် နှင့် လူမျိုးကောင်းကျိုးအတွက်ကိုယ်ကျိုးစွန့် အနစ်နာခံကာတာဝန်ကို သယ်မထမ်းဆောင်ခြင်းဖြင့်ပြည်သူရို့အားတော်တည့်မှန်ကန်စွာကြီးမှူး ဦးဆောင်လမ်းပြခေါ်ယူသောအပေါင်းအစု” ဟူ၍အဓိပ္ပာယ်ရဟိသည်။

ထို့ကြောင့် “ရက္ခိုင့်တပ်မတော်” ၏အဓိပ္ပာယ်ကို တိုတိုနှင့် လိုရင်းဖွင့်ဆိုရမည်ဆိုပါက “ရက္ခိုင်ပြည်နှင့်ရက္ခိုင်လူမျိုးကို ကာကွယ်စောင့်ယှောက်ရန်နှင့် တိုင်းပြည်ကောင်းကျိုးကိုသယ်ပိုးထမ်းဆောင်နီသော၊ရက္ခိုင်တစ်မျိုးသားလုံးပိုင်ဆိုင်သောကာကွယ်ရီး အပေါင်းအစုကြီး”ဟူ၍ အဓိပ္ပာယ်ရပေသည်။

သို့ဖြစ်ပါ၍ “ရက္ခိုင့်တပ်မတော်”ဟူသောအမည်နာမသည်သမိုင်းအမွီကို ဆက်ခံခြင်း၊ဖိုးဖီးဇူဇာရို့၏ကျင့်ဝတ်နှင့် တန်ဖိုးများကိုမပစ်ပယ်ခြင်း၊ အဓိပ္ပာယ်သက်ရောက်မှု အားကောင်းခြင်းတိုင်းပြည်နှင့်လူမျိုး၏ အခြင်းအရာများအားလုံးကိုဆက်စပ်အကျုံးဝင်စီခြင်းစသည့် ဂုဏ်ဒြပ်များဖြင့်ပြည့်စုံနီသည်။

သတင်းနှင့် ပြန်ကြားရီး
ရက္ခိုင့်တပ်မတော်