Thu. Oct 18th, 2018

ကြောက်လန့်သွေးပျက်နေသောဗမာစစ်တပ်အချင်းချင်းမှားယွင်းပစ်ခတ်မှုဖြစ်ပွား

 

ရက္ခိုင့်တပ်မတော်၊လှုပ်ရှားစစ်ကြောင်း နှင့် ဗမာစစ်တပ်၏ ခလရ(၂၈၉) တို့သည်၊ ၂၀၁၈ ခုနှစ်၊စက်တင်ဘာလ(၂၁) ရက်နေ့တွင် ရှင်မဒိန်ရွာမြောက်ဖက်ရှိ “ထအို့ပီရွာ” အနီး၌နံနက်(၈) နာရီ(၃၀) မိနစ်မှ (၉) နာရီ(၃၀) မိနစ်အထိ တစ်နာရီခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။

မိမိတို့နယ်မြေအတွင်းသို့ကျူးကျော်ဝင်ရောက်လာသောနယ်ချဲ့ဗမာစစ်တပ်အား မိမိတို့တပ်ဖွဲ့ဝင်များမှ အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း၊စစ်အသုံးအဆောင်ပစ္စည်းအချို့ကိုလည်းသိမ်းဆည်းရမိခဲ့သည်။ထို့အပြင်ကစဥ့်ကလျားထွက်ပြေးသွားကြသောခလရ(၂၈၉)ရန်သူ့တပ်ဖွဲ့ဝင်အချို့အားပိတ်ဆို့ထားနိုင်ခဲ့သည်။

နေ့လည် (၃) နာရီခန့်မှစတင်၍ဗမာစစ်တပ်သည်တိုက်ပွဲဖြစ်ပွားသည့်နေရာသို့သာမက တိုက်ပွဲမရှိသည့်နေရာများကိုပါလက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

ထို့အတူညနေ(၈)နာရီခန့်တွင်”ထအို့ပွီရွာ”အနီးတွင်၎င်းနေ့ရက်, နေ့ခင်းမှစတင်၍အပိတ်ဆို့ခံနေရသောခလရ(၂၈၉) တပ်ရင်းမှတပ်ဖွဲ့ဝင်များနှင့် စစ်ကူထပ်တက်လာသော ဗမာစစ်တပ်(တပ်ရင်းအမည်မသိရှိရသေး) တို့သည် မိနစ်(၂၀) ခန့်ကြာသည်အထိလက်နက်ကြီး၊လက်နက်ငယ်များဖြင့်အချင်းချင်းကြောက်လန့်မှားယွင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

ဤကဲ့သို့ဗမာစစ်တပ်၏နယ်မြေခံတပ်ရင်းနှင့် အခြားတပ်ရင်းတို့မှာမကြာခဏအချင်းချင်းမှားယွင်းပစ်ခတ်မှုများရှိကြသည်။

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်မတော်

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်။

(လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ ထုတ်ပြန်သော ကြေငြာချက်တစ်စောင်ကို Facebook Community Standard နှင့်ကိုက်ညီမှုမရှိသောကြောင့် ၎င်း Post ကိုဖျက်ပေးရန်တောင်းဆိုခဲ့သောကြောင့် လိုက်လျောပေးခဲ့သည်။ ၎င်း ထုတ်ပြန်ကြေငြာချက်အား http://arakan.army www.arakan.army တွင်ပြန်လည်တင်ပေးပြီးဖြစ်သကဲ့သို့ VK (Arakan Army) https://vk.com/aainfodesk Account တွင် September 15 ရက်နေ့စွဲဖြင့်တင်ပေးထားပြီးဖြစ်သည်။

မိမိတို့အနေဖြင့် www.facebook.com/thearakanarmy1 အမည်ရှိသော Page တစ်ခုသာရှိပြီး အခြားသော ရက္ခိုင့်တပ်မတော် အမည်ပါ Page များမှာ မိမိတို့နှင့်မသက်ဆိုင်ကြောင်းအသိပေးအပ်ပါသည်။