၂၀၁၉ ခုႏွစ္၊ေဖေဖာ္ဝါရီလ(၈/၉) ကိုးကန္႔ေဒသတိုက္ပြဲသတင္းမ်ားႏွင့္ ေဖေဖာ္ဝါရီ(၁/၂/၃/၄/၁၀) ရက္ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား

၂၀၁၉ ခုႏွစ္၊ေဖေဖာ္ဝါရီလ(၁၀) ရက္၊နံနက္(၈) နာရီ(၁၀) မိနစ္အခ်ိန္တြင္ ရခိုင္ျပည္၊ေျမာက္ဦးၿမိဳ႕နယ္၊ ထိပ္ဝျပင္အေ႐ွ႕ဖက္(၂.၅) ကီလိုမီတာ အကြာအေဝး၊( ရန္ကုန္-စစ္ေတြကားလမ္းမ) ၊

“ထိပ္ဝျပင္” ႏွင့္”ေပါက္ပင္ကြင္း႐ြာ”အၾကားတြင္ ျမန္မာစစ္တပ္၏စစ္ကား(၈) စီးပါေသာ စစ္ယာဥ္တန္းကိုၾကားျဖတ္ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။

ထို႔အတူ ေန႔လည္(၂) နာရီခန္႔အခ်ိန္တြင္လည္းေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေတာင္မင္းကုလား႐ြာေတာင္ဖက္(၁.၅) ကီလိုမီတာအကြာအေဝး၌ မိမိတို႔႐ွိရာေနရာသို႔ဝင္ေရာက္လာေသာ အင္အား(၂၀၀) ခန္႔႐ွိေသာ ျမန္မာစစ္တပ္၏တပ္မ(၂၂)လက္ေအာက္ခံတပ္ရင္း(တပ္ရင္းအမည္စံုစမ္းဆဲ) ႏွင့္ ရကၡိဳင့္တပ္မေတာ္တို႔ တစ္နာရီခန္႔အၾကာတိုက္ပြဲျဖစ္ပြားခဲ့သည္။ ယေန႔တိုက္ပြဲအတြင္း ျမန္မာစစ္တပ္ဖက္မွ အထိအခိုက္အက်အဆံုးမ်ားခဲ့သည္။ ထို႔အတူမိမိတို႔ဖက္မွလည္း စစ္သည္ေတာ္တစ္ဦး တိုင္းျပည္ႏွင့္လူမ်ိဳးအတြက္အသက္စြန္႔လႊတ္ခဲ့ရသည္။

ျမန္မာစစ္တပ္ႏွင့္ ရကၡိဳင့္တပ္မေတာ္တို႔သည္ ေဖေဖာ္ဝါရီလ(၄) ရက္ေန႔တြင္လည္း ပလက္ဝၿမိဳ႕နယ္၊”ထအို႔ပီ႐ြာ” ႏွင့္ “႐ွင္မဒိန္ ႐ြာ” အၾကားတြင္တိုက္ပြဲျဖစ္ပြားခဲ့သည္။ ၎တိုက္ပြဲအတြင္း ရန္သူ႔ဖက္မွ(၁၆) ဦးက်ဆံုးခဲ့ၿပီးဒဏ္ရာရသူမ်ားလည္း႐ွိခဲ့သည္။ ရကၡိဳင့္တပ္မေတာ္-Sniper သမားလက္စြမ္းျပေသာတိုက္ပြဲျဖစ္သည္။

ထို႔အတူ ေဖေဖာ္ဝါရီလ(၄) ရက္ေန႔၊ ညေန(၈) နာရီ (၂၈) မိနစ္တြင္လည္း ေက်ာက္ျဖဴခ႐ိုင္၊ အမ္းၿမိဳ႕နယ္၊”ေ႐ွာက္ျခံဳ႐ြာ”အနီး၊ အမ္းလမ္းႏွင့္ကမ္းေထာင့္ႀကီးလမ္းဆံုအနီးတြင္လည္း ျမန္မာစစ္တပ္၏စစ္ယာဥ္တန္းအားတိုက္ခိုက္ခဲ့သည္။ စစ္ကား(၁၆) စီးပါရန္သူ႔စစ္ယာဥ္တန္းႏွင့္ နာရီဝက္ခန္႔ၾကာတိုက္ပြဲျဖစ္ပြားခဲ့သည္။

ယေန႔သည္ ျမန္မာစစ္တပ္မွ တစ္ဖက္သတ္-ကန္႔သတ္အပစ္အခတ္တိုက္ခိုက္မႈရပ္ဆိုင္းထားသည့္ ရက္ေပါင္း(၁၃၀) မွ (၅၀) ရက္ျပည့္ေျမာက္ေသာေန႔ျဖစ္သည္။ ရက္(၅၀) မျပည့္မီကပင္ကိုးကန္႔ေဒသ၌ စစ္ေရးတင္းမာမႈမ်ား႐ွိေနခဲ့ၿပီျဖစ္သည္။

တဆက္တည္းတြင္ ျမန္မာစစ္တပ္တစ္ဖက္သတ္ပစ္ခတ္တိုက္ခိုက္မႈရပ္ဆိုင္းထားေသာ ႐ွမ္းေျမာက္ေဒသ၏ MNDAA ကိုးကန္႔တပ္မေတာ္တို႔ အေျချပဳလႈပ္႐ွားေသာ(၂၁၁) တပ္မဟာ” ပန္ေကာ့” ပတ္ဝန္းက်င္၌ ၂၀၁၉ ခုႏွစ္၊ေဖေဖာ္ဝါရီလ(၅) ရက္မွစ၍ ျမန္မာစစ္တပ္သည္ ရန္စေသာအျပဳအမႈမ်ိဳးျဖင့္စတင္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ထို႔ေနာက္ ေဖေဖာ္ဝါရီ(၈)၊(၉) ရက္မ်ားတြင္ “ပန္ေကာ့ “ပတ္ဝန္းက်င္၌အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ား႐ွ္ိခဲ့သည္။

ျမန္မာစစ္တပ္သည္ တပ္ေနရာခ်ထားေရးအပါအဝင္ တပ္စခန္းအသစ္တည္ေဆာက္ေရး၊ စစ္ေရးျပင္ဆင္ျခင္းမ်ားကို ေနရာအႏွံ့ဆက္တိုက္လုပ္ေဆာင္ေနေသာေၾကာင့္ မိမိတို႔မဟာမိတ္တပ္မ်ား႐ွိရာေနရာမ်ား၌တိုက္ပြဲမ်ားမၾကာမီျပန္လည္ျဖစ္ပြားလာႏိုင္ဖြယ္႐ွိသည္။

သတင္းႏွင့္ျပန္ၾကားေရး
ရကၡိဳင့္တပ္မေတာ္
၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၁၀) ရက္

Unicode

၂၀၁၉ ခုနှစ်၊ဖေဖော်ဝါရီလ(၁၀) ရက်၊နံနက်(၈) နာရီ(၁၀) မိနစ်အချိန်တွင် ရခိုင်ပြည်၊မြောက်ဦးမြို့နယ်၊ ထိပ်ဝပြင်အရှေ့ဖက်(၂.၅) ကီလိုမီတာ အကွာအဝေး၊( ရန်ကုန်-စစ်တွေကားလမ်းမ) ၊

“ထိပ်ဝပြင်” နှင့်”ပေါက်ပင်ကွင်းရွာ”အကြားတွင် မြန်မာစစ်တပ်၏စစ်ကား(၈) စီးပါသော စစ်ယာဉ်တန်းကိုကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထို့အတူ နေ့လည်(၂) နာရီခန့်အချိန်တွင်လည်းကျောက်တော်မြို့နယ်၊ တောင်မင်းကုလားရွာတောင်ဖက်(၁.၅) ကီလိုမီတာအကွာအဝေး၌ မိမိတို့ရှိရာနေရာသို့ဝင်ရောက်လာသော အင်အား(၂၀၀) ခန့်ရှိသော မြန်မာစစ်တပ်၏တပ်မ(၂၂)လက်အောက်ခံတပ်ရင်း(တပ်ရင်းအမည်စုံစမ်းဆဲ) နှင့် ရက္ခိုင့်တပ်မတော်တို့ တစ်နာရီခန့်အကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ ယနေ့တိုက်ပွဲအတွင်း မြန်မာစစ်တပ်ဖက်မှ အထိအခိုက်အကျအဆုံးများခဲ့သည်။ ထို့အတူမိမိတို့ဖက်မှလည်း စစ်သည်တော်တစ်ဦး တိုင်းပြည်နှင့်လူမျိုးအတွက်အသက်စွန့်လွှတ်ခဲ့ရသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်မတော်တို့သည် ဖေဖော်ဝါရီလ(၄) ရက်နေ့တွင်လည်း ပလက်ဝမြို့နယ်၊”ထအို့ပီရွာ” နှင့် “ရှင်မဒိန် ရွာ” အကြားတွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၎င်းတိုက်ပွဲအတွင်း ရန်သူ့ဖက်မှ(၁၆) ဦးကျဆုံးခဲ့ပြီးဒဏ်ရာရသူများလည်းရှိခဲ့သည်။ ရက္ခိုင့်တပ်မတော်-Sniper သမားလက်စွမ်းပြသောတိုက်ပွဲဖြစ်သည်။

ထို့အတူ ဖေဖော်ဝါရီလ(၄) ရက်နေ့၊ ညနေ(၈) နာရီ (၂၈) မိနစ်တွင်လည်း ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊”ရှောက်ခြုံရွာ”အနီး၊ အမ်းလမ်းနှင့်ကမ်းထောင့်ကြီးလမ်းဆုံအနီးတွင်လည်း မြန်မာစစ်တပ်၏စစ်ယာဉ်တန်းအားတိုက်ခိုက်ခဲ့သည်။ စစ်ကား(၁၆) စီးပါရန်သူ့စစ်ယာဉ်တန်းနှင့် နာရီဝက်ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။

ယနေ့သည် မြန်မာစစ်တပ်မှ တစ်ဖက်သတ်-ကန့်သတ်အပစ်အခတ်တိုက်ခိုက်မှုရပ်ဆိုင်းထားသည့် ရက်ပေါင်း(၁၃၀) မှ (၅၀) ရက်ပြည့်မြောက်သောနေ့ဖြစ်သည်။ ရက်(၅၀) မပြည့်မီကပင်ကိုးကန့်ဒေသ၌ စစ်ရေးတင်းမာမှုများရှိနေခဲ့ပြီဖြစ်သည်။

တဆက်တည်းတွင် မြန်မာစစ်တပ်တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှုရပ်ဆိုင်းထားသော ရှမ်းမြောက်ဒေသ၏ MNDAA ကိုးကန့်တပ်မတော်တို့ အခြေပြုလှုပ်ရှားသော(၂၁၁) တပ်မဟာ” ပန်ကော့” ပတ်ဝန်းကျင်၌ ၂၀၁၉ ခုနှစ်၊ဖေဖော်ဝါရီလ(၅) ရက်မှစ၍ မြန်မာစစ်တပ်သည် ရန်စသောအပြုအမှုမျိုးဖြင့်စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ(၈)၊(၉) ရက်များတွင် “ပန်ကော့ “ပတ်ဝန်းကျင်၌အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများရှ်ိခဲ့သည်။

မြန်မာစစ်တပ်သည် တပ်နေရာချထားရေးအပါအဝင် တပ်စခန်းအသစ်တည်ဆောက်ရေး၊ စစ်ရေးပြင်ဆင်ခြင်းများကို နေရာအနှံ့ဆက်တိုက်လုပ်ဆောင်နေသောကြောင့် မိမိတို့မဟာမိတ်တပ်များရှိရာနေရာများ၌တိုက်ပွဲများမကြာမီပြန်လည်ဖြစ်ပွားလာနိုင်ဖွယ်ရှိသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်မတော်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀) ရက်

About Arakan Army 119 Articles
ULA and AA