၂၀၁၉ ခုႏွစ္ ၊ဇန္နဝါရီလ (၂၈)ရက္ ၊ ရခိုင္ျပည္တိုက္ပြဲသတင္း


 
၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၂၈) ရက္ ေန႔တြင္ ရခိုင္ျပည္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊”အုန္းေခ်ာင္းေက်း႐ြာ” အနီးတြင္ တိုက္ပြဲျဖစ္ပြားခဲ့သည္။ နံနက္(၈) နာရီ(၀၉) မိနစ္ တြင္စတင္ျဖစ္ပြားခဲ့သည္။ ေန႔လည္ (၁၁) နာရီခန္႔အထိ အျပန္အလွန္ႀကိဳးၾကားႀကိဳးၾကားပစ္ခတ္တိုက္ခိုက္မႈမ်ား႐ွိခဲ့သည္။  
 
ဗမာစစ္တပ္သည္ ယေန႔တိုက္ပြဲတြင္လည္း ယခင္ေန႔ရက္မ်ားနည္းတူ ထိခိုက္ဒဏ္ရာရသူမ်ား၊ေသဆံုးသူမ်ား႐ွိေနခဲ့ေသာေၾကာင့္ ယမန္ေန႔က”သမီးလွ႐ြာသစ္” ႐ြာအားလက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္သည့္နည္းတူ “အုန္းေခ်ာင္း႐ြာ” အတြင္းသို႔လည္း လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ တမင္တကာရည္႐ြယ္ခ်က္႐ွိ႐ွိျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။  
 
ထို႔ေၾကာင့္ ၎အုန္းေခ်ာင္း႐ြာအတြင္း႐ွိ လူေနအိမ္အခ်ိဳ႕ မွာဗမာစစ္တပ္၏ လက္နက္ႀကီးက်ည္မ်ားထိမွန္ခဲ့ေသာေၾကာင့္ ပ်က္စီးမႈမ်ား႐ွိခဲ့သည္။  
 
ထို႔အတူ အျခားတစ္ဖက္တြင္ ႐ြာသူ႐ြာသားမ်ားထဲမွ အမ်ိဳးသားမ်ား(ေယာက်ၤားမ်ား)ကို ပုဒ္မအမ်ိဳးမ်ိဳးတပ္ကာဖမ္းဆီးထားျခင္းမ်ားဆက္လက္႐ွိေနခဲ့သည္။  
 
အုန္းေခ်ာင္း႐ြာအတြင္းမွ ဗမာစစ္တပ္မွဖမ္းဆီးထားသူမ်ားမွာ (လက္႐ွိအခ်ိန္အထိသိ႐ွိထားေသာသူမ်ားမွာ)–  
 
(၁) ဦးျမတ္သိန္းထြန္း(သို႔) ျမသိန္းထြန္း၊ အသက္(၅၆) ႏွစ္၊ အဖအမည္- ဦးျမတ္ခ်မ္းေအာင္  
 
(၂) ေမာင္ေ႐ႊေအး၊ အသက္(၃၉) ႏွစ္၊ အဖအမည္- ဦးထြန္းစိန္ေအာင္ ၊ (ကိုေမာင္ေ႐ႊေအးမွာ ေက်ာင္းဆရာျဖစ္သည္)  
 
(၃) ဦးေမာင္ဦးေက်ာ္၊ အသက္(၆၀-ေက်ာ္) ၊ အဖအမည္-(-စံုစမ္းဆဲ–) ၊ ဦးေမာင္ဦးေက်ာ္သည္ မုဆိုးေခ်ာင္းဇာတိျဖစ္သည္။  
 
ယေန႔တြင္လည္း နယ္ခ်ဲ႕ဗမာစစ္တပ္သည္ တိုက္ပြဲစျဖစ္သည့္အခ်ိန္မွစတင္ၿပီး နံနက္ လက္နက္ႀကီးမ်ားျဖင့္ ဘူးသီးေတာင္ၿမိဳ႕နယ္၊ (က်ိဳင္းေတာင္႐ြာ) မွလည္းေကာင္း၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ဒံုးသီ႐ြာ(ဒံုးသိန္),မွလည္းေကာင္း၊ အုန္းေခ်ာင္း႐ြာအနီး တိုက္ပြဲျဖစ္ပြားသည့္ေနရာမွလည္းေကာင္း ပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။ ယေန႔ တစ္ရက္တည္း၌ပင္ ေနရာသံုးခုမွ ေ႐ွ႕ဆင့္ေနာက္ဆင့္ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္သည့္အႀကိမ္အေရအတြက္ (၇၀) ခုႏွစ္ဆယ္အထက္႐ွိခဲ့သည္။  
 
ဗမာစစ္ရာဇဝတ္တပ္ဖြဲ႕မွ ပစ္ခတ္တိုက္ခိုက္သည့္ လက္နက္ႀကီးက်ည္မ်ားမွာ အုန္းေခ်ာင္း႐ြာ၊ အုန္းေခ်ာင္း႐ြာအနီး ေတာင္မ်ားေပၚသို႔ က်ေရာက္ေပါက္ကြဲခဲ့သည္။  

ယမန္ေန႔ သမီးလွ႐ြာသစ္”တိုက္ပြဲအတြင္း ဗမာစစ္တပ္ဖက္မွ ေက်း႐ြာအတြင္းသို႔ ပစ္ခတ္တိုက္ခိုက္ခဲ့ေသာ လက္နက္ႀကီးက်ည္အစအခ်ိဳ႕သည္, အဖ-ကိုေက်ာ္ေက်ာ္ႏိုင္၏သား ေမာင္ႏိုင္စိုး၊ အသက္(၇) ႏွစ္ အ႐ြယ္ကေလးငယ္၏ ဦးေခါင္း၊ညာဖက္နားထင္အားထိမွန္ခဲ့၍ ျပင္းထန္ေသာဒဏ္ရာရ႐ွိခဲ့ၿပီး ေဆးကုသရန္အတြက္ ေျပာင္းေ႐ႊ႕ေနစဥ္ကာလအတြင္း,ယေန႔ ညေန(၇) နာရီ(၄၅) မိနစ္တြင္ ဘဝတစ္ပါးသို႔ကူးေျပာင္းသြားေၾကာင္းသိ႐ွိရ၍ မိမိတို႔ ULA/AA အေနျဖင့္ မိသားစု၊ ရခိုင္ျပည္သူလူထုတစ္ရပ္လံုးႏွင့္ ထပ္တူထပ္မွ်ဝမ္းနည္းေၾကာင္း အသိေပးအပ္ပါသည္။  
 
မိမိတို႔အေနျဖင့္ ျဖစ္ၿပီးခဲ့ေသာတိုက္ပြဲမ်ား၊ ေနာက္ထပ္ျဖစ္လာမည့္ သီေရး႐ွင္ေရးအဆံုးအျဖတ္တိုက္ပြဲမ်ား၏ မည္သည့္တိုက္ပြဲတြင္မဆို ရခိုင္လူမ်ိဳးႏွင့္ ရခိုင္လူထုထိခိုက္နစ္နာ၊ ပ်က္စီးေစမည့္တိုက္ပြဲမ်ားကို အတတ္ႏိုင္ဆံုးေ႐ွာင္႐ွားၿပီး မလြဲမေ႐ွာင္သာေသာ ခုခံကာကြယ္ရသည့္ တိုက္ပြဲမ်ား၌, ရခိုင္လူထု တစ္ရပ္လံုးႏွင့္အတူ ရကၡိတလမ္းစဥ္ေအာင္ျမင္သည္အထိဆက္လက္တိုက္ပြဲဝင္သြားမည္ျဖစ္ပါသည္။  
 
ဗမာစစ္တပ္၏ မိမိတို႔ ရကၡိဳင့္တပ္မေတာ္အား အျမစ္ျပဳတ္ေခ်မႈန္းေရးႏွင့္ ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားသည္ ေနာက္လာမည့္လမ်ားအတြင္းပိုမိုျပင္းထန္လာဖြယ္႐ွိေနေသာေၾကာင့္ ရခိုင္ျပည္အတြင္း ေနထိုင္ၾကေသာ ရခိုင္လူမ်ိဳးမ်ား၊ ရခိုင္မ်ိဳးႏြယ္စုမ်ားအားလံုး စုစုစည္းစည္း၊ ညီညီၫြတ္ၫြတ္ျဖင့္ သတိႀကီးစြာျဖင့္ ေနထိုင္သြားလာၾကရန္ကိုလည္း အသိေပးလိုပါသည္။ ဆက္လက္၍လည္း လက္ဆင့္ကမ္းကာ သတိစကားမ်ားကိုမွ်ေဝေပးၾကပါရန္ကိုလည္း တိုက္တြန္းအပ္ပါသည္။  
 
ေနာက္ဆက္တြဲ တိုက္ပြဲသတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ဆက္လက္တင္ေပးသြားပါမည္။  
 
သတင္းႏွင့္ျပန္ၾကားေရး  
ရကၡိဳင့္တပ္မေတာ္  
၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ(၂၈) ရက္၊တနလၤာေန႔။

Unicode

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက် နေ့တွင် ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊”အုန်းချောင်းကျေးရွာ” အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ နံနက်(၈) နာရီ(၀၉) မိနစ် တွင်စတင်ဖြစ်ပွားခဲ့သည်။ နေ့လည် (၁၁) နာရီခန့်အထိ အပြန်အလှန်ကြိုးကြားကြိုးကြားပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။

ဗမာစစ်တပ်သည် ယနေ့တိုက်ပွဲတွင်လည်း ယခင်နေ့ရက်များနည်းတူ ထိခိုက်ဒဏ်ရာရသူများ၊သေဆုံးသူများရှိနေခဲ့သောကြောင့် ယမန်နေ့က”သမီးလှရွာသစ်” ရွာအားလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သည့်နည်းတူ “အုန်းချောင်းရွာ” အတွင်းသို့လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် ၎င်းအုန်းချောင်းရွာအတွင်းရှိ လူနေအိမ်အချို့ မှာဗမာစစ်တပ်၏ လက်နက်ကြီးကျည်များထိမှန်ခဲ့သောကြောင့် ပျက်စီးမှုများရှိခဲ့သည်။

ထို့အတူ အခြားတစ်ဖက်တွင် ရွာသူရွာသားများထဲမှ အမျိုးသားများ(ယောကျင်္ားများ)ကို ပုဒ်မအမျိုးမျိုးတပ်ကာဖမ်းဆီးထားခြင်းများဆက်လက်ရှိနေခဲ့သည်။

အုန်းချောင်းရွာအတွင်းမှ ဗမာစစ်တပ်မှဖမ်းဆီးထားသူများမှာ (လက်ရှိအချိန်အထိသိရှိထားသောသူများမှာ)–

(၁) ဦးမြတ်သိန်းထွန်း(သို့) မြသိန်းထွန်း၊ အသက်(၅၆) နှစ်၊ အဖအမည်- ဦးမြတ်ချမ်းအောင်

(၂) မောင်ရွှေအေး၊ အသက်(၃၉) နှစ်၊ အဖအမည်- ဦးထွန်းစိန်အောင် ၊ (ကိုမောင်ရွှေအေးမှာ ကျောင်းဆရာဖြစ်သည်)

(၃) ဦးမောင်ဦးကျော်၊ အသက်(၆၀-ကျော်) ၊ အဖအမည်-(-စုံစမ်းဆဲ–) ၊ ဦးမောင်ဦးကျော်သည် မုဆိုးချောင်းဇာတိဖြစ်သည်။

ယနေ့တွင်လည်း နယ်ချဲ့ဗမာစစ်တပ်သည် တိုက်ပွဲစဖြစ်သည့်အချိန်မှစတင်ပြီး နံနက် လက်နက်ကြီးများဖြင့် ဘူးသီးတောင်မြို့နယ်၊ (ကျိုင်းတောင်ရွာ) မှလည်းကောင်း၊ ဘူးသီးတောင်မြို့နယ်၊ ဒုံးသီရွာ(ဒုံးသိန်),မှလည်းကောင်း၊ အုန်းချောင်းရွာအနီး တိုက်ပွဲဖြစ်ပွားသည့်နေရာမှလည်းကောင်း ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ယနေ့ တစ်ရက်တည်း၌ပင် နေရာသုံးခုမှ ရှေ့ဆင့်နောက်ဆင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အကြိမ်အရေအတွက် (၇၀) ခုနှစ်ဆယ်အထက်ရှိခဲ့သည်။

ဗမာစစ်ရာဇဝတ်တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်သည့် လက်နက်ကြီးကျည်များမှာ အုန်းချောင်းရွာ၊ အုန်းချောင်းရွာအနီး တောင်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။

Goodယမန်နေ့ သမီးလှရွာသစ်”တိုက်ပွဲအတွင်း ဗမာစစ်တပ်ဖက်မှ ကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သော လက်နက်ကြီးကျည်အစအချို့သည်, အဖ-ကိုကျော်ကျော်နိုင်၏သား မောင်နိုင်စိုး၊ အသက်(၇) နှစ် အရွယ်ကလေးငယ်၏ ဦးခေါင်း၊ညာဖက်နားထင်အားထိမှန်ခဲ့၍ ပြင်းထန်သောဒဏ်ရာရရှိခဲ့ပြီး ဆေးကုသရန်အတွက် ပြောင်းရွှေ့နေစဉ်ကာလအတွင်း,ယနေ့ ညနေ(၇) နာရီ(၄၅) မိနစ်တွင် ဘဝတစ်ပါးသို့ကူးပြောင်းသွားကြောင်းသိရှိရ၍ မိမိတို့ ULA/AA အနေဖြင့် မိသားစု၊ ရခိုင်ပြည်သူလူထုတစ်ရပ်လုံးနှင့် ထပ်တူထပ်မျှဝမ်းနည်းကြောင်း အသိပေးအပ်ပါသည်။

မိမိတို့အနေဖြင့် ဖြစ်ပြီးခဲ့သောတိုက်ပွဲများ၊ နောက်ထပ်ဖြစ်လာမည့် သီရေးရှင်ရေးအဆုံးအဖြတ်တိုက်ပွဲများ၏ မည်သည့်တိုက်ပွဲတွင်မဆို ရခိုင်လူမျိုးနှင့် ရခိုင်လူထုထိခိုက်နစ်နာ၊ ပျက်စီးစေမည့်တိုက်ပွဲများကို အတတ်နိုင်ဆုံးရှောင်ရှားပြီး မလွဲမရှောင်သာသော ခုခံကာကွယ်ရသည့် တိုက်ပွဲများ၌, ရခိုင်လူထု တစ်ရပ်လုံးနှင့်အတူ ရက္ခိတလမ်းစဉ်အောင်မြင်သည်အထိဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်။

ဗမာစစ်တပ်၏ မိမိတို့ ရက္ခိုင့်တပ်မတော်အား အမြစ်ပြုတ်ချေမှုန်းရေးနှင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများသည် နောက်လာမည့်လများအတွင်းပိုမိုပြင်းထန်လာဖွယ်ရှိနေသောကြောင့် ရခိုင်ပြည်အတွင်း နေထိုင်ကြသော ရခိုင်လူမျိုးများ၊ ရခိုင်မျိုးနွယ်စုများအားလုံး စုစုစည်းစည်း၊ ညီညီညွတ်ညွတ်ဖြင့် သတိကြီးစွာဖြင့် နေထိုင်သွားလာကြရန်ကိုလည်း အသိပေးလိုပါသည်။ ဆက်လက်၍လည်း လက်ဆင့်ကမ်းကာ သတိစကားများကိုမျှဝေပေးကြပါရန်ကိုလည်း တိုက်တွန်းအပ်ပါသည်။

နောက်ဆက်တွဲ တိုက်ပွဲသတင်းများကို အချိန်နှင့်တပြေးညီ ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်မတော်
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၈) ရက်၊တနင်္လာနေ့။

 

Photo Credit : VK မွတဆင့္ေပးပို႔လာသူ


About Arakan Army 119 Articles
ULA and AA