19 / 11 ရက္ခိုင့်တပ်မတော်အပါအ၀င် အခြားတိုင်းရင်းသားဗိုလ်လောင်းများအား ဗမာစစ်တပ်မှ အကြောင်းပြချက်မရှိ တိုက်ခိုက်ခဲ့သောနေ့

ယနေ့သည် တိုင်းရင်းသားလူမျိုးညီနောင်မဟာမိတ်တပ်မတော်အသီးသီးမှ ဗိုလ်လောင်းဖြစ်သင်တန်းသို့တက်ရောက်လျှက်ရှိသော ကချင်လွတ်မြောက်ရေးတပ်မတော်၏ဗိုလ်သင်တန်းကျောင်းဝင်းအတွင်းသို့ စစ်ရာဇဝတ်ကောင်ဗမာစစ်တပ်မှ အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ အငိုက်ဖမ်းအကောက်ကြံပြီး လက်နက်ကြီးဖြင့်တမင်တကာရည်ရွယ်၍ပစ်ခတ်တိုက်ခိုက်ခဲ့၍ဗိုလ်လောင်းများကျဆုံးခဲ့ရသော လေးနှစ်ပြည့်နေ့ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့၌ပစ်ခတ်တိုက်ခိုက်ခြင်းခဲ့ဖြစ်ပါသည်။၎င်းပစ်ခတ်တိုက်ခိုက်မှုကြောင့်ယင်းဗိုလ်သင်တန်းတွင်တက်ရောက်လျှက်ရှိသည့် ချင်း (CNA) ၊ တအာင်း/ပလောင်(TNLA) ၊ ရခိုင် (AA) ၊ ဗမာ (ABSDF) အဖွဲ့အစည်းများ၏ဗိုလ်လောင်းအားလုံးထဲမှ ဗိုလ်လောင်း (၂၃)ဦး ကျဆုံးခဲ့ရပြီး (၂၀) ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြသည်။

၎င်းအထဲတွင် ရက္ခိုင့်တပ်မတော် (Arakan Army) မှတက်ရောက်လျှက်ရှိသည့် ဗိုလ်လောင်း (၂၀) ဦးထဲမှ (၈) ဦး ဖြစ်သော-
(၁)ဗိုလ်လောင်း ကျော်ခန့်
(၂) ဗိုလ်လောင်း ခိုင်ထွန်း၊
(၃)ဗိုလ်လောင်း ထက်ထက်အောင် (ခ) ခိုင်ထက်အောင်
(၄)ဗိုလ်လောင်း ကိုစောတင်
(၅) ဗိုလ်လောင်း ရဲဝင်းထွန်း
(၆) ဗိုလ်လောင်း အောင်အောင်သန်း
(၇) ဗိုလ်လောင်း ရန်လင်းစိုး
(၈) ဗိုလ်လောင်း သိန်းသန်းနိုင်
တို့မှာ ၎င်းနေရာ၌ပင် ကျဆုံးခဲ့ရပြီး နောက်ထပ်(၅) ဦးမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။

ဤကဲ့သို့အငိုက်ဖမ်း ယုတ်မာစွာတိုက်တိုက်သတ်ဖြတ်ခြင်းကိုခံခဲ့ရသည့် ဗိုလ်လောင်းများနှင့်သက်ဆိုင်သော ဘဝတူ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းများအနေဖြင့်သမိုင်းတွင်မည်သည့်အခါမှမေ့ပျောက်လိမ့်မည်မဟုတ်ပါ။၎င်းနေ့သည်ပြည်ထောင်စုစိတ်ဓာတ်ဖြင့်အလုပ်လုပ်နေကြသူများကို ပြည်ထောင်စုမဖြစ်လိုသူများမှ ဖျက်စီးပစ်လိုက်သည့်နေ့တစ်နေ့လည်းဖြစ်သည်။

၎င်းလုပ်ရပ်နှင့်ပတ်သက်၍ ထိုက်တန်သည့်တုံ့ပြန်မှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားအုံးမည်ဖြစ်သည်။

ယနေ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၉)ရက်နေ့သည် ၎င်းတိုက်ခိုက်ခံရမှုကြောင့် ရက္ခိုင့်တပ်မတော်ဗိုလ်လောင်းများအပါအဝင် အခြားဗိုလ်လောင်းများအသက်ပေးဆပ်စွန့်လွှတ်သွားခြင်းသည် လေးနှစ် တိတိပြည့်သည့်နေ့ဖြစ်ပါသည်။

ဤနေ့ဤရက်တွင်သူရဲကောင်းများကို ဦးညွတ်ဂါရဝပြုယင်း ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူမိမိတို့ (ULA/AA) အနေဖြင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်းကို အလေးအနက်ပြောကြားအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်မတော်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်၊ တနလာင်္နေ့၊ ညနေ(၄) နာရီတွင်ရေးတင်ပါသည်။

About Arakan Army 119 Articles
ULA and AA