တိုက်ပွဲသတင်း

9-2016

 

တိုက်ပွဲသတင်း

၂၀၁၆ ခုနှစ် ဇွန်လ (၉) ရက်နေ့၊ညနေ (၅) နာရီ (၄၀) မိနစ်အချိန်တွင် ဘူးသီးတောင်မြို့နယ်၊နွားရုံတောင်အနီး၌ မြန်မာအစိုးရ၏နယ်ခြားစောင့်တပ် နှင့် ရက္ခိုင့်တပ်မတော် အမှတ် (၂) စစ်ဒေသ လက်အောက်ခံလှုပ်ရှားစစ်ကြောင်းတို့ မိနစ် (၂၀) ခန့်ကြာထိတွေ့ပစ်ခတ်တိုက်ခိုက်မှုထပ်မံဖြစ်ပွားခဲ့သည်။

နယ်ခြားစောင့်တပ်ဖက်မှ သုံးဦးဒဏ်ရာရခဲ့သည်။ မိမိတို့ဖက်မှ တစ်စုံတစ်ရာထိခိုက်ဒဏ်ရာရ မှုမရှိခဲ့ချေ။နောက်ဆက်တွဲ တိုက်ပွဲသတင်းများ ကိုဆက်လက်တင်ပြသွားပါမည်။

သတင်းနှင့်ပြန်ကြားရေးဌာန
ရက္ခိုင့်တပ်မတော်

တိုက်ပွဲသတင်း‬

5-6-2016

တိုက်ပွဲသတင်း

၂၀၁၆ ခုနှစ် ဇွန်လ (၅) ရက် နှင့် (၆) ရက်နေ့များ၌ မြန်မာစစ်တပ် နှင့် ရက္ခိုင့်တပ်မတော် တို့ တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့သည်။

ဇွန်လ (၅) ရက်နေ့တွင် ရခိုင်ပြည်၊ရသေ့တောင်မြို့ နယ်၊ ရီကောင်းချောင်းကျေးရွာ အနီး၌ ညနေ (၄) နာရီကျော်ခန့် အချိန်တွင် မြန်မာစစ်တပ်၏စကခ (၅) လက်အောက်ခံ တောင်ကုတ် တပ်ရင်း ၅၅၄ (သို့မဟုတ်) ၅၄၄ နှင့် ရက္ခိုင့်တပ်မတော် အမှတ် (၂) စစ်ဒေသ လက်အောက်ခံ လှုပ်ရှားစစ်ကြောင်း တို့ ထိတွေ့ မှုဖြစ်ပွားခဲ့သည်။ မိနစ် (၂၀) ခန့် တိုက်ပွဲ အတွင်းတွင်မြန်မာစစ်တပ်ဖက်မှ အထိအခိုက်နှင့်အကျအဆုံး များရှိခဲ့သည်။

ဇွန်လ (၆) ရက်နေ့တွင် ရခိုင်ပြည်-ဘင်္ဂလာနယ်စပ် အနီး၌ မြန်မာစစ်တပ်၏ စကခ (၅) လက်အောက်ခံ ကျောက်ဖြူ အခြေစိုက် ခမရ (၅၄၃) တပ်ရင်းနှင့် အမှတ် (၅) ဗျူဟာလက်အောက်ခံလှုပ်ရှား စစ်ကြောင်းတို့သည် ယနေ့နံနက် (၅) နာရီတွင် (၁) နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း မြန်မာစစ်တပ်ဖက်မှ ကျဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်။ ထို့အပြင် မိမိတို့ဖက်မှ မြန်မာစစ်တပ်၏လက်နက်ခဲယမ်းအချို့  လည်း သိမ်းဆည်းရမိသည်။

တိုက်ပွဲနှစ်ကြိမ်စလုံးအတွင်း မိမိတို့ဖက်မှ တစ်စုံတစ်ရာထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ချေ။

သတင်းနှင့်ပြန်ကြားရေးဌာန
ရက္ခိုင့်တပ်မတော်