၂၀၁၉ ခုနှစ်၊ မတ်လ(၈)ရက်တိုက်ပွဲသတင်း

၂၀၁၉ခုနှစ်၊မတ်လ(၈)ရက်နေ့တွင်လည်းရခိုင်ပြည်၊မြောက်ဦးမြို့နယ်၊”ခြိတ်ချောင်းရွာ”မြောက် ဖက်(၃)ကီလိုမီတာအကွာအဝေးတွင်ညနေ(၆)နာရီ(၅၀)မိနစ်၌တိုက်ပွဲဖြစ်ပွားခဲ့သည်။ဗမာလက်နက်ကိုင်တပ်သည်မိမိတို့ရှိရာနေရာသို့ကျူးကျော်ဝင်ရောက်လာသောကြောင့်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။တစ်နာရီခန့်အကြာယနေ့တိုက်ပွဲတွင်လည်းရန်သူ့ဖက်မှမျက်မြင်(၁၀)ဦးခန့်ကျဆုံးခဲ့ကြောင်း သိရှိရသည်။

ရန်သူသည်ရခိုင်ပြည်အနှံ့ထိုးစစ်များကိုနေရာအနှံ့အရှိန်အဟုန်မြှင့်လုပ်ဆောင်နေသောကြောင့် ယခုကဲ့သို့တိုက်ပွဲများနေရာအနှံ့ခပ်စိပ်စိပ်ဖြစ်ပွားနေရခြင်းဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်မတော်
၂၀၁၉ ခုနှစ်၊ မတ်လ(၈) ရက်

About Arakan Army 144 Articles
ULA and AA