၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈/၁၉/၂၀) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ


၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက် နေ့လည်(၂) နာရီ (၃၀) မိနစ်ခန့် အချိန်တွင်ပလက်ဝမြို့နယ်၊မြိတ်ဝရွာ အနောက်ဖက်(၄.၅)ကီလိုမီတာအကွာအဝေးရှိတောင် တန်းပေါ်တွင် ဆယ်မိနစ်ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ (၇) နာရီ(၃၀)မိနစ်ခန့်အချိန်တွင် ရသေ့တောင်မြို့နယ် “သက်ပြေကျရွာ” နှင့် “ရစိုးချောင်းရွာ ” အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ့ဖက်မှ (ကျဆုံးနှင့်ထိခိုက်) (၁၀) ကျော်အထိရှိခဲ့သည်။
 တိုက်ပွဲဖြစ်ပွားပြီးမကြာမီပင် ဗမာလက်နက်ကိုင်တပ်ဖွဲ့သည် “ကျောက်ကုန်ဘုတ်ရွာ” အတွင်းသို့ဝင်ရောက်ပြီး ကျောက်ကုန်ဘုတ်ရွာ-ဘုန်းကြီးကျောင်းအတွင်းရှိနေသော ဦးမောင်စိန်သာ (၅၈) နှစ်အား ဖမ်းဆီးသွားခဲ့သည်။ ထို့နောက် ရွာအပြင်တွင် ရိုက်နှက်သတ်ပုတ်ပြီး ရစိုးချောင်းအခြေစိုက်ဗျူဟာကုန်းသို့ ဆက်လက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ကျပန်းအလုပ်လုပ်ကိုင်သော ဦးမောင်စိန်သာတွင် -ဇနီး ဒေါ်စံယိုင်သိန်း၊ သမီးနှစ်ယောက် နှင့်သားသုံးယောက်ရှိပြီး ယခုအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည်။
 ထို့အတူ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်၊ နံနက် (၉) နာရီ (၂၅) မိနစ်မှ (၁၀) နာရီ (၂၀) မိနစ်အထိမိနစ်ငါးဆယ်ကြာတိုက်ပွဲသည်မြောက်ဦးမြို့နယ်၊“ရန်အောင်ပြင်ရွာ”အနီး၌ဖြစ်ပွားခဲ့သည်။အင်အား(၂၀၀)ခန့်ရှိသောဗမာလက်နက်ကိုင်တပ်နှင့်မိမိတို့လှုပ်ရှားစစ်ကြောင်းတို့ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးရန်သူ့ဖက်မှအထိအခိုက်အကျအဆုံးများရှိခဲ့သကဲ့သို့ မိမိတို့ဖက်မှလည်း အထိအခိုက်ဒဏ်ရာရသူအချို့ရှိခဲ့သည်။
 ထို့အပြင် မြောက်ဦးမြို့၏ အခြားတစ်နေရာဖြစ်သော “မကျားဆည်ရွာ”မြောက်ဖက် တောင်ကြောအနီး၌လည်း တိုက်ပွဲများသည် နေ့လည် (၂) နာရီ (၃၀) မိနစ်မှစတင်ခဲ့သည်။ ယခုတိုက်ပွဲသည် လေးနာရီနီးပါးတောက်လျှောက်ဖြစ်ပွားခဲ့ပြီး ဗမာလက်နက်ကိုင်တပ်မှ အထိအခိုက်အကျအဆုံးများသော တိုက်ပွဲလည်းဖြစ်ခဲ့သည်။ အင်အား(၁၀၀)ကျော်ရှိသော ရန်သူ့ဖက်မှ အရာရှိများအပါအဝင် (ထိခိုက်-ကျဆုံး) ၃၀ခန့်ရှိခဲ့ပြီးရန်သူ့လက်နက်ခဲယမ်းအချို့ ကိုလည်း မိမိတို့သိမ်းဆည်းရမိခဲ့သည်။ မိမိတို့ဖက်မှ ရခိုင်စစ်သည်တော် (၃) ဦး ရခိုင်တိုင်းပြည်နှင့်လူမျိုးအတွက် အသက် ပေးဆပ်စွန့်လွှတ်ခဲ့ရပြီး RPG-2 တစ်လက်ဆုံးရှုံးခဲ့သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်၊ ည( ၈) နာရီ (၃၅) မိနစ်အချိန်တွင်လည်း မြောက်ဦးမြို့နယ်၊ “ကျောက်ကျပ်ရွာ”အနီးတွင် ကျောက်တော်ဖက်မှ စစ်ကူဆင်းလာသော ရန်သူ့စစ်ကားတစ်စီးအားဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ရန်သူ့အသေအပျောက်စာရင်းကိုအတိအကျမသိရသော်လည်း မျက်မြင်များပြောကြားချက် အရ ထိခိုက်နှင့်သေဆုံးသူများရှိနိုင်ကြောင်းသိရှိရသည်။
ဗမာလက်နက်ကိုင်တပ်သည်အထိအခိုက်၊အကျအဆုံးများပြားသောကြောင့်ရွာများအတွင်းလက်နက်ကြီးများ ဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများကိုပြုလုပ်ခဲ့ပြီး ကျေးရွာများအတွင်း ပိတ်ဆို့ပြီး စစ်ရာဇဝတ်ကျူးလွန်ခြင်း အမှုများကိုတောက်လျောက်ပြုလုပ်လာနေခဲ့သည်။ မြောက်ဦးမြို့နယ်၊တောင်ဦးကျေးရွာရှိ ရွာသူရွာသားများသည် ဗမာလက်နက်ကိုင်တပ်၏လက် နက်ကြီကျည်ဆံးများသည် ရွာအတွင်းကျရောက်နေသောကြောင့် တိုက်ပွဲလွတ်ရာနေရာများသို့ တိမ်းရှောင်နေရခဲ့ရသည်။ဤကဲ့သို့ရွာသူရွာသားများအိမ်အတွင်းမရှိသည့်အခိုက်အတန့်အတွင်း ဗမာလက်နက်ကိုင်တပ်သည် အချို့အိမ်များသို့တက် ရောက်ကာ ဆန်၊ဆီ၊ဆား၊ငပိ၊ကြက်များကို ဝင်ရောက်ယူဆောင်သွားခဲ့ကြောင်း ရွာသားများထံမှတစ်ဆင့် သိရှိရသည်။
 ဗမာလက်နက်ကိုင်တပ်သည်ဒေသခံရပ်ရွာရွာသားများအားမတရားဖမ်းဆီးခြင်း၊နှိပ်စက်ခြင်းများပြုလုပ်သည့်အကြိမ်အရေအတွက်မှာတိုက်ပွဲအရှိန်နှင့်အတူဆက်လက်မြင့်တက်လျှက်ရှိသည်။မိမိတို့အနေဖြင့်လည်းဗမာလက်နက်ကိုင်တပ်၏ရခိုင်ပြည်အတွင်းလူ့အခွင့်အရေးချိုးဖောက်မှု၊စစ်ရာဇဝတ်ကျူးလွန်မှုများကိုဆက်လက်စုဆောင်းထားပြီး၂၀၁၉ဧပြီလအတွင်နိုင်ငံတကာစစ်ရာဇဝတ်ရုံးသို့ပေးပို့သွားမည်ဖြစ်သည်။ထို့ကြောင့်ဗမာစစ်တပ်၏ရခိုင်ပြည်အတွင်းစစ်ရာဇဝတ်ကျူးလွန်မှုများကို မတ်လ(၂၅) ရက်နေ့နောက်ဆုံး ထား၍ပေးပို့ကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။
 ၂၀၁၉ခုနှစ်၊ဖေဖော်ဝါရီ(၂၀)ရက်နေ့သည်ဗမာလက်နက်ကိုင်တပ်မှတစ်ဖတ်သက်အပစ်အခတ်အား ရက်ပေါင်း (၁၃၀) သတ်မှတ်ပြီးနောက် ရခိုင်ဒေသတစ်ခုတည်းအား တပ်မ(၂၂) (၅၅) (၉၉-ထုတ်နှုတ် တပ်ရင်းအချို့) အခြားတပ်မ (သို့) တပ်ရင်းများ၊ လေကြောင်းပစ်ကူများကို အလွန်အကျွံသုံးကာ ရက္ခိုင့်တပ်မတော်အား အပြင်းအထန်ထိုးစစ်ဆင်နေသော ရက်(၆၀) ပြည့်သောနေ့လည်းဖြစ်သည်။
 ဗမာလက်နက်ကိုင်တပ်၏ ထိုးစစ်များကြောင့် တိုက်ပွဲများမှာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ ပလက်ဝ မြို့နယ်အပြင် ယခုအချိန်တွင် မြောက်ဦးမြို့နယ်အထိပါ တိုက်ပွဲများကူးစက်ပြန့်ပွားလာနေပြီးအခြားမြို့နယ်များတွင်လည်းအချိန်မရွေးတိုက်ပွဲများဖြစ်ပွားလာနိုင်ဖွယ်ရှိနေသည်။တဆက်တည်းတွင်ဗမာလက်နက်ကိုင်တပ်မှထိုးစစ်ဆင်တိုက်ခိုက်နေမှုများကိုဆက်လက်ပြုလုပ်နေမည်ဆိုပါကမိမိတို့အနေဖြင့်လည်းလုပ်သင့်လုပ်ထိုက်သည်များကိုဆက်လက် လုပ်ဆောင်သွားမည်။
၂၀၁၉ခုနှစ်၊ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင်လည်းယမန်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့သောမြောက်ဦး မြို့နယ်၊“ပြိုင်းချရွာ”အရှေ့ဖက်တောင်တန်းပေါ်တွင်နံနက်(၇)နာရီ(၂၀)မိနစ်မှစတင်ထိတွေ့တိုက်ပွဲဖြစ်ပွားလျှက် ရှိသည်။ ယခုတိုက်ပွဲအတွင်း ရန်သူ့ဖက်မှ ရဟတ်များသုံးရသည်အထိ တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့သည်။ထို့အတူပလက်ဝမြို့နယ်၊“ကုန်ပြင်ရွာ”အရှေ့ဖက်တောင်တန်းပေါ်တွင်လည်း နံနက်(၈) နာရီပတ်ဝန်းကျင်မှစ ၍ထိတွေ့တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။
 ထို့အတူ ရသေ့တောင်မြို့နယ်၊ မယူကမ်း၏ “နော်ဝေရွာ” နှင့် “မင်းဖူးရွာ” အကြားတွင် နံနက် (၁၀)နာရီ(၂၀)မိနစ်မှစတင်၍တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။ယနေ့(ဖေဖော်ဝါရီလ၂၀)ရက်နေ့တွင်လည်းစစ်ရာဇဝတ်ကောင်ဗမာလက်နက်ကိုင်တပ်ဖွဲ့သည်မင်းဖူးကျေးရွာအုပ်ချုပ်ရေးမှူး“ဦးမိုးကောင်း”၏ မိခင် ဒေါ်လှနော်ဦး (အသက် ၉၅ နှစ်) အားသတ်ဖြတ်သွားခဲ့သည်။ ထို့အတူ မင်းဖူးကျေးရွာသား“ဦးနွားလှအောင်(အသက်၉၇နှစ်)”နှင့်မင်းဖူးကျေးရွာသူတစ်ဦး(အမည်စုံစမ်းဆဲ) အားသေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် တိုက်ပွဲကြောင့် ရွာသူရွာသားအချို့မှာတောအတွင်းထွက်ပြေးတိမ်းရှောင်နေကြရသည်။ရွာအတွင်းကျန်ရစ်ခဲ့သူများကို ဘုန်းကြီးကျောင်း နှင့် စာသင်ကျောင်း တို့တွင် ယခုအချိန်အထိ ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်သည်။
 
တိုက်ပွဲနောက်ဆက်တွဲသတင်းများ နှင့် ဗမာလက်နက်ကိုင်တပ်၏ စစ်ရာဇဝတ်ကျူးလွန်မှုများကိုအချိန်နှင့် တပြေးညီ ဆက်လက်တင်ပေးသွားပါမည်။
 
သတင်းနှင့် ပြန်ကြားရေး
ရက္ခိုင့်တပ်မတော်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်၊ နေ့လည်(၃) နာရီတိတိတွင်ရေးတင်ပါသည်။

About Arakan Army 144 Articles
ULA and AA