၂၀၁၉ ခုနှစ် ဇန်န၀ါရီလ (၅)ရက်နေ့ တိုက်ပွဲသတင်း

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၅) ရက်နေ့တွင် စစ်ရာဇဝတ်ကောင် ဗမာစစ်တပ်နှင့် မိမိတို့ရင်ဆိုင်ထိတွေ့တိုက်ခိုက်မှုမရှိသော်လည်း နယ်ချဲ့ဗမာစစ်တပ်သည် ရဟတ်ယာဉ်နှစ်စီးပေါ်မှ ပစ်ခတ်တိုက်ခိုက်မှုအား နေ့လည်(၁) နာရီ(၃၀) မိနစ်မှ စတင်ခဲ့သည်။

ယနေ့ဇန်နဝါရီ(၅) ရက်၌ ရဟတ်ယာဉ်နှစ်စီးဖြင့် မနေ့ကတိုက်ပွဲဖြစ်ပွားခဲ့သောနေရာအပါအဝင် အခြားနေရာအချို့အားဗုံးကြဲတိုက်ခိုက်သည့်အရေအတွက် အကြိမ်(၂၀) ကျော်ရှိခဲ့သည်။

ဗမာစစ်တပ်သည် ရဟတ်ယာဉ်ပေါ်မှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့သည်မှာ ဇန်နဝါရီ(၄/၅) ရက်အပါအဝင် ဒီဇင်ဘာ ၁၈ ရက်နေ့တွင်လည်း”သလူချောင်း”၊ “ပညာဝ”၊”ခရုချောင်း” ကျေးရွာအုပ်စုပတ်ဝန်းကျင်သို့ စစ်ရဟတ်ယာဉ်နှစ်စီးပေါ်မှ ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။

ဗမာစစ်တပ်မှ မနက်ဖြန်၌ ယခုကဲ့သို့ ရဟတ်ယာဉ်များဖြင့် ထပ်မံလာရောက်တိုက်ခိုက်မည်ဆိုပါက မိမိတို့အနေဖြင့်လည်း လုပ်သင့်လုပ်ထိုက်သည်များကိုထပ်မံလုပ်ဆောင်သွားမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်မတော်
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၅) ရက်၊ ညနေ(၉) နာရီ( ၃၉ ) မိနစ်တွင်ရေးတင်ပါသည်။

About Arakan Army 148 Articles
ULA and AA